Post Date 05-01-2021 949 views

POINT (Promotion Of Indigenous and Nature Together)

No: 687 , Gyogone 8 th street ( South ), East Gyogone, Insein Township, Yangon, Myanmar.

Night Guard ညစောင့်

ရာထူး                                       ညစောင့်

နေရာ                                        ရန်ကုန်၊

အစီရင်ခံရမည့်သူ                       အုပ်ချုပ်ရေးအရာရှိ

Responsibilities

1.      ရုံးအဆောက်အဦးဝင်းအတွင်းနှင့် ရုံရှေ့ မျက်နှာစာရှိ  မြက်များနှင့် အမှိုက်သရိုက်များကို လိုအပ်ပါက နေ့စဉ်ရှင်းလင်းရမည်။

2.      ရုံးဝန်းအတွင်း ရှိအမှိုက်ပုံးများကို လိုအပ်ပါက နေ့စဉ်သိမ်းဆည်းပြီး စွန့်ပစ်ပေးရမည်။

3.      ရုံးဂိုဒေါင်အတွင်းရှိ ပရိဘောဂ၊ ရုံးမှထုတ်ဝေထားသော စာအုပ်စာစောင်များနှင့် စက်ပစ္စည်းများကို ထိန်းသိမ်း စောင့်ရှောက်ရမည်။

4.      ရုံးအဆောက်အဦးနှင့် ခြံဝင်းအတွင်းရှိ ပစ္စည်းများနှင့် လုံခြုံရေးဆိုင်ရာပစ္စည်းများ(ဥပမာ လျှပ်စစ်မီး၊ ရေပိုက်ပျက်စီးခြင်း)ကို အစဉ်သတိပြုပြီး အပျက်အစီးစာရင်းကို အစီရင်ခံရ မည်။

5.      ရုံးရှိ သစ်ပင်ပန်းမန်များ ရှင်သန်လှပနေစေရန် လုပ်ဆောင်နိုင်ရမည်။

6.      ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးရုံး၏ လျှို့ဝှက်ချက်များကို ထိမ်းသိမ်းနိုင်ရမည်။

7.      ရုံးပိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်နိုင်ရမည်။

8.      လုံခြုံရေးနှင့် ပတ်သက်သည့် ထူးခြားဖြစ်စဉ်များကို အသိပေးရမည်။

9.      ရုံးဆင်းသွားပြီးချိန်တွင် တံခါးများ၊ ပြတင်းပေါက်များ၊ မီးနှင့် အခြားဆက်စပ်သော ပစ္စည်းများ ပိတ်/မပိတ် စစ်ဆေးပေးရမည်။

10.   ရုံးဝန်ထမ်းများအားလုံး ရုံးဆင်းသွားချိန်တွင် ခြံဝင်းတံခါးကို ပိတ်ထားရမည် (သော့ပိတ်ခြင်း သို့မဟုတ် အပြင်မှ မဖွင့်နိုင်ရန် ကန့်လန့်ထိုးခြင်း)။

11.   ရုံး၏ အောက်ရေကန်နှင့် ရေစင်ကို ရေဖြည့်ထားရမည်။

12.   ရုံးတွင် ညအိပ်သော ဧည့်စာရင်းကို မှတ်တမ်းတင်၍ အထက်လူကြီးထံ သတင်းပို့ရမည်။

13.   အလုပ်ချိန်မှာ ညနေ ၄း၃၀ မှ နံနက် ၈း၀၀ အထိ ဖြစ်ပြီး၊ အလုပ်တက်ရက်မှာ ၁ပတ်လျှင် (၇)ရက် ဖြစ်သည်။

Requirements

Ø  အချိန်ကိုတန်ဖိုးထားပြီးလေးစားလိုက်နာသူဖြစ်ရမည်။

Ø  ကျန်းမာသန်စွမ်းသူဖြစ်ရမည်။

Ø  အရက်သေစာ သောက်စားမှု ကင်းရှင်းသူဖြစ်ရမည်။

Ø  မိသားစုစိတ်ဓါတ်ဖြင့်လုပ်ကိုင်သူဖြစ်ရမည်။

Ø  မြန်မာစာ ကောင်းစွာ ရေးတတ်၊ ဖတ်တတ်သူဖြစ်ရမည်

How To Apply

Ø  စိတ်ဝင်စားသူများသည်

Ø  မိမိ၏ကိုယ်ရေးအချက်အလက် မှတ်တမ်းအပြည့်အစုံ၊ မှန်ကန်ကြောင်းလက်မှတ်အပါအဝင်

Ø  ရပ်ကွက်အတွင်းနေထိုင်ကြောင်း အလုပ်လျှောက်ရန်အတွက် ထောက်ခံစာ၊

Ø  အလုပ်အတွေ့အကြုံရှိပါက အလုပ်လျှောက်လွှာတွင် ယခင်အလုပ်မှ အထက်လူကြီး ၂ ဦး၏ နာမည်နှင့် ဖုန်းနံပါတ် ထည့်သွင်းရန်

Ø  အလုပ်အတွေ့အကြုံမရှိပါကလဲ မိမိအကြောင်းကို ကောင်းစွာသိသော သူ ၂ ဦး၏ နာမည်နှင့် ဖုန်းနံပါတ် ထည့်သွင်းရန်

Ø  အလုပ်သမားလေဘာကဒ် (ရှိခဲ့ပါက) တို့ နှင့်

Ø  လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ အီးမေးလ် ဖြင့်ဖြစ်စေ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် ထက်နောက်မကျပဲ လျှောက်ထားနိုင်ပါသည်။

Ø  တိုင်းရင်းသားလူမျိုးများလည်းလျှောက်ထားရန် တိုက်တွန်း ပါသည်။

မြန်မာဘာသာဖြင့် အလုပ်လျှောက်လွှာအား https://www.pointmyanmar.org/en/vacancy တွင် ရယူနိုင်ပါသည်။ အီးမေးလ်ဖြင့်လျှေက်ထားလိုပါက point.org.mm@pointmyanmar.org , npk@pointmyanmar.org, syma@pointmyanmar.org သို့ပေးပို့ လျှောက်ထားနိုင်ပါသည်။

ပွိုင်းရုံး                                                                                       ဆက်သွယ်ရမည့်သူ                    
အမှတ် (၆၈၇)၊ အရှေ့ကြို့ကုန်း(၈) လမ်း (တောင်)၊                         နော်ပုလဲကြည်   
အင်းစိန်မြို့နယ်၊ ရန်ကုန်။                                                             Admin & HR Officer
Phone: 09 254 249 494                                                             09 454 351 469

Salary
100000 Kyats - 249999 Kyats
Job Type
Full-Time
Job Specialization
Others
Industry
Non-Profit Organisation / Social Services / NGO
Promotion Of Indigenous and Nature Together, Yangon, Myanmar (Burma)

JobSeeker